M301E517KC301MT301

ယေရှုသည် ကျွန်ုပ်တွက် ရာအားလုံးဖြစ်

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အရာခပ်သိမ်းဖြစ်ခြင်း

21

Verse 1

ယေရှုသည် ကျွန်ုပ်တွက် ရာအားလုံးဖြစ်

အိုမည်မျှအံ့ဖွယ် ကယ်တင်ရှင်သခင်

သက်တာတစ်ခုလုံး လမ်းပြကာကွယ်ပေး

အံ့ဖွယ်တန်ခိုးဖြင့် လွတ်မြောက်စေပြီ။

chorus

ကျွန်ုပ်အတွက် သခင်ယေရှု

အချိန်တိုင်း၊ နေရာတိုင်း

သခင်ယေရှု။

Verse 2

ဖျားနာ၊ ကျန်းမာခြင်း၌လည်း ယေရှုသာ

ဆင်းရဲ၊ ချမ်းသာခြင်း၌လည်း ယေရှုသာ

သာယာခြင်း၊ မုန်တိုင်းကြမ်း မည်သို့ဖြစ်စေ

ယေရှုသာ ကျွန်ုပ်တွက် လုံခြုံရာ။

chorus

ကျွန်ုပ်အတွက် သခင်ယေရှု

အချိန်တိုင်း၊ နေရာတိုင်း

သခင်ယေရှု။

Verse 3

ကိုယ်တော်သာ ခိုလှုံရာကျောက်နှင့်ရဲတိုက်

ကျွန်ုပ်၏ခံတပ်၊ ခွန်အားနှင့် တန်ခိုး

ကိုယ်တော်သာ ကျွန်ုပ်တွက် သက်ထာဝရ

ကျွန်ုပ်ကို ရွေးနှုတ်ကောင်းကြီးပေးပြီ။

chorus

ကျွန်ုပ်အတွက် သခင်ယေရှု

အချိန်တိုင်း၊ နေရာတိုင်း

သခင်ယေရှု။

Verse 4

ပရောဖက်၊ ပုရောဟိတ်၊ ဘုရင်စစ်မှန်

အသက်မုန့်နှင့်အသက်ရေ ကိုယ်တော်ဖြစ်

ဖြောင့်မတ်ခြင်းနေမင်း၊ မိုးသောက်ကြယ်လည်းဖြစ်

ယေရှုသာ ကျွန်ုပ်တွက် ကယ်တင်ရှင်။

chorus

ကျွန်ုပ်အတွက် သခင်ယေရှု

အချိန်တိုင်း၊ နေရာတိုင်း

သခင်ယေရှု။

Verse 5

ဝမ်းနည်း၊ ဝမ်းသာခြင်းများ၌ ယေရှုသာ

ယေရှုသာ ကျွန်ုပ်၏တန်ဖိုးထားရာ

ယေရှုသာ ကျွန်ုပ်တွက် အဖော်စစ်မှန်

သေခြင်းနှင့်ရှင်ခြင်းသည် ယေရှုသာ။

chorus

ကျွန်ုပ်အတွက် သခင်ယေရှု

အချိန်တိုင်း၊ နေရာတိုင်း

သခင်ယေရှု။

Hymn details

စာသား: William James Kirkpatrick

သံစဉ်: John L. Hatton

Meter: 10.10.10.9. with chorus.

Key: C Major

Time: 3/4

Audio