M283E488KC283MT283

သခင်၊ နက်နဲခြင်းဖွင့်ပြပြီ

ခရစ်တော်နှင့်ပေါင်းစည်းခြင်း - ကိုယ်တော်နှင့်အတူသေခံ၊ ထမြောက်ခြင်း

21

Verse 1

သခင်၊ နက်နဲခြင်းဖွင့်ပြပြီ

ကိုယ်တော်နှင့်အတူ သေခံပြီ

အခြားတန်ခိုး၊ နည်းလမ်းမလို

နေ့စဉ်သက်တာအောင်နိုင်ရပြီ။

Verse 2

ကားတိုင်တော်သည် ကျွန်ုပ်ကားတိုင်

ကျွန်ုပ်သက်တာထဲ အလင်းထွန်း

ယုံကြည်စဉ်ပင် သေခံရပြီ

လောကတန်ခိုး၊ အဆုံးသတ်ပြီ။

Verse 3

ကိုယ်တော်နှင့်အတူ သေခံခဲ့

အပြစ်၊ အတ္တမှ လွတ်မြောက်ရ

လောကအရာ မည်သို့ပျော်နိုင်

ချည်နှီးအရာ မည်သို့ရှာနိုင်။

Verse 4

ကျွန်ုပ်နေရာ၊ ကာရာနီကုန်း၊

ကျွန်ုပ်ယူဆောင်ပြီ၊ ချစ်သခင်

အသက်တော်တန်ခိုး၊ ကျွန်ုပ်ပိုင်

ကိုယ်တော်နှင့်တစ်လုံးတစ်ဝဖြစ်။

Verse 5

ရန်သူသတ်ရန် ကိုယ်တော်ကြွလာ

မှုတော်၊ တန်ခိုးတော်ဖြင့် ဖြိုခွင်း

ကိုယ်တော်၌ ကျွန်ုပ်အောင်မြင်ရ

ကျွန်ုပ်၌ တန်ခိုးတော်ပြသ။

Verse 6

ကျွန်ုပ်တို့အားထားရာအောင်ခြင်း

ကိုယ်တော်သေခံသော သေခံခြင်း

ကိုယ်တော်လျှောက်ရာ ကျွန်ုပ်တို့လျှောက်

ဘုရား၌ ပန်းတိုင်ရောက်သည့်တိုင်။

Verse 7

ကိုယ်တော်နှင့်အတူ သေခံခြင်း

အဓိပ္ပါယ်ပြည့်စုံ၊ ယုံကြည်ပြီ

သေခံခြင်းကို နက်နဲပြပြီ

သွေးသားမှ ကျွန်ုပ်လွတ်မြောက်ရ။

Verse 8

ကိုယ်တော်နည်းတူ အောင်မြင်တောင့်တ

ကြွလာချိန် ကိုယ်တော်နှင့်စိုးစံ

ဝမ်းမြောက်စွာဖြင့် ကားတိုင်ထမ်းသော်

ဘုန်းတော်၌ မျှဝေဆက်ဆံရ။

Hymn details

စာသား: Watchman Nee

သံစဉ်: Lowell Mason

Meter: 8.8.8.8.

Key: F Major

Time: 2/2

Audio