M254E445KC254MT254

ကျွန်ုပ်အသက်လက်ခံပါ

ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားထံ အလုံးစုံအပ်နှံခြင်း

21

Verse 1

ကျွန်ုပ်အသက်လက်ခံပါ

ကိုယ်တော်ထံ ပူဇော်ဆက်သ

နေ့ရက်အချိန်ရှိသမျှ

ချီးမွမ်းခြင်းနှင့်ပြည့်စေပါ

ချီးမွမ်းခြင်းနှင့်ပြည့်စေပါ။

Verse 2

ကိုယ်တော်ချစ်ခြင်းနှိုးဆော်ရာ

ကျွန်ုပ်လက်မှုဆောင်စေပါ

ကိုယ်တော်ရှင်မြတ်အဘို့သာ

ကျွန်ုပ်ခြေလျင်မြန်စေပါ

ကျွန်ုပ်ခြေလျင်မြန်စေပါ။

Verse 3

ကိုယ်တော်ချစ်ခြင်းနှိုးဆော်ရာ

ကျွန်ုပ်လက်မှုဆောင်စေပါ

ကိုယ်တော်ရှင်မြတ်အဘို့သာ

ကျွန်ုပ်ခြေလျင်မြန်စေပါ

ကျွန်ုပ်ခြေလျင်မြန်စေပါ။

Verse 4

ကျွန်ုပ်ရွှေငွေရှိသမျှ

ကိုယ်တော်မြတ် လက်ခံမူပါ

ကိုယ်တော်မြတ်အလိုရှိရာ

ကျွန်ုပ်ဉာဏ်ကို သုံးမူပါ

ကျွန်ုပ်ဉာဏ်ကို သုံးမူပါ။

Verse 5

ကျွန်ုပ်အလို ငြင်းပယ်၍

ကိုယ်တော်အလို ဖြစ်စေပါ

ကျွန်ုပ်စိတ် ကိုယ်တော်ပိုင်ပေ

ကိန်းဝပ်ရာပလ္လင်ဖြစ်စေ

ကိန်းဝပ်ရာပလ္လင်ဖြစ်စေ။

Verse 6

ကျွန်ုပ်ချစ်ခြင်း လက်ခံပါ

ခြေတော်ရင်းမှာ ချထားပါ

ကျွန်ုပ်ကို ယူတော်မူလျှင်

ကိုယ်တော်ဖို့ဖြစ်မည်အစဉ်

ကိုယ်တော်ဖို့ဖြစ်မည်အစဉ်။

Hymn details

စာသား: Frances Ridley Havergal

သံစဉ်: Henri Abraham Cesar Malan

Meter: 7.7.7.7. with repeat.

Key: F Major

Time: 2/4

Audio