ယေရှုအဖို့ ရှိသမျှကို
ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားထံ အလုံးစုံအပ်နှံခြင်း
Verse 1
ယေရှုအဖို့ ရှိသမျှကို
ကျွန်ုပ်အားလုံး အပ်ပေးပြီ
ကိုယ်တော်ကိုသာ ချစ်ခင်အားကိုး
ရှေ့တော်တွင် သက်ရှင်ပါမည်။
chorus
ရှိသမျှအပ်ပြီ၊ ရှိသမျှအပ်ပြီ
ရှိသမျှကို ကယ်တင်ရှင်ဖို့
ကျွန်ုပ်အပ်ပါပြီ။
Verse 2
ယေရှုအဖို့ ကျွန်ုပ်အပ်ပြီ
ခြေတော်ရင်းနှိမ့်ချပြပ်ဝပ်
လောကပျော်ရာ ရှိရှိစွန့်ပြီ
ကိုယ်တော် ယခုလက်ခံပါ။
chorus
ရှိသမျှအပ်ပြီ၊ ရှိသမျှအပ်ပြီ
ရှိသမျှကို ကယ်တင်ရှင်ဖို့
ကျွန်ုပ်အပ်ပါပြီ။
Verse 3
ယေရှုအဖို့ ကျွန်ုပ်အပ်ပြီ
ကိုယ်တော်ဖို့ လုံးလုံးဖြစ်စေ
ဝိညာဉ်တော်ကို ထိတွေ့စေပါ
ကိုယ်တော်သည် ကျွန်ုပ်အဖို့။
chorus
ရှိသမျှအပ်ပြီ၊ ရှိသမျှအပ်ပြီ
ရှိသမျှကို ကယ်တင်ရှင်ဖို့
ကျွန်ုပ်အပ်ပါပြီ။
Verse 4
ယေရှုအဖို့ ကျွန်ုပ်အပ်ပြီ
ကိုယ်တော်ထံ ကျွန်ုပ်အပ်ပြီ
ကိုယ်တော်မေတ္တာ၊ တန်ခိုးဖြည့်ပါ
ဆုမင်္ဂလာ သွန်းလောင်းပါ။
chorus
ရှိသမျှအပ်ပြီ၊ ရှိသမျှအပ်ပြီ
ရှိသမျှကို ကယ်တင်ရှင်ဖို့
ကျွန်ုပ်အပ်ပါပြီ။
Verse 5
ယေရှုအဖို့ ကျွန်ုပ်အပ်ပြီ
ခုသန့်ရှင်းမီးကို ထိတွေ့
ပြည့်ဝသောကယ်တင်ခြင်းဝမ်းမြောက်
နာမတော်ဘုန်းကြီးပါစေ။
chorus
ရှိသမျှအပ်ပြီ၊ ရှိသမျှအပ်ပြီ
ရှိသမျှကို ကယ်တင်ရှင်ဖို့
ကျွန်ုပ်အပ်ပါပြီ။
Hymn details
စာသား: Judson W. Van de Venter
သံစဉ်: Winfield Scott Weeden
Meter: 8.7.8.7. with chorus.
Key: D Major
Time: 4/4
Audio