လောက၏ချည်းနှီးပျော်ပါးရာ
ဆက်ကပ်အပ်နှံခြင်း - သခင်ဘုရားထံ ခွဲံခြားခံရခြင်း
Verse 1
လောက၏ချည်းနှီးပျော်ပါးရာ
ကျွန်ုပ်ကျောခိုင်းထားခဲ့ပြီ
သာလွန်ကောင်းမွန်၊ မြင့်မား၊ သန့်ရှင်း
ဘဏ္ဍာပေါ် စိတ်နှလုံးရှိ
ချည်းနှီးပြိုးပြက်တောက်ပရာများ
မျက်စိမကန်းစေနိုင်ပြီ
ခြားထားပေးသောမျဉ်းဖြတ်ကျော်ပြီ
လောကကို ကျောခိုင်းခဲ့ပြီ။
chorus
ဝေး၊ ဝေး ကျောခိုင်းခဲ့
ဝေး၊ ဝေး ကျောခိုင်းခဲ့
ခြားထားပေးသောမျဉ်းဖြတ်ကျော်ပြီ
လောကကို ကျောခိုင်းခဲ့ပြီ။
Verse 2
အပြစ်သား၏လူဟောင်းသက်တာ
မိုက်မဲခြင်းများ ကျောခိုင်းထား
ခရစ်တော်၌ ကျွန်ုပ်ရပ်တည်
သန့်ရှင်းစကားတော်ယူဆောင်
ကားတိုင်တော်အောက် ကျွန်ုပ်ရှိကြောင်း
လောကသည် မြင်ရလိမ့်မည်
သေခြင်းမှ ရှင်ခြင်းသို့ ကူးပြောင်း
လောကကို ကျောခိုင်းခဲ့ပြီ။
chorus
ဝေး၊ ဝေး ကျောခိုင်းခဲ့
ဝေး၊ ဝေး ကျောခိုင်းခဲ့
သေခြင်းမှ ရှင်ခြင်းသို့ ကူးပြောင်း
လောကကို ကျောခိုင်းခဲ့ပြီ။
Verse 3
ကျွန်ုပ်စိတ် မူလနေရာသို့
လှည့်ပြန်သွားခြင်းမရှိတော့
စီရင်ခံခြင်းမှ လွတ်မြောက်ပြီ
နားခိုငြိမ်သက်ခြင်းရှိပြီ
ကျွန်ုပ်၏သခင်နှင့်တွေ့ပြီ
ဘုန်းတော်ဖြင့် ချည်နှောင်ခံပြီ
လောကကို လုံးလုံးထားခဲ့ပြီ
လောကကို ကျောခိုင်းခဲ့ပြီ။
chorus
ဝေး၊ ဝေး ကျောခိုင်းခဲ့
ဝေး၊ ဝေး ကျောခိုင်းခဲ့
လောကကို လုံးလုံးထားခဲ့ပြီ
လောကကို ကျောခိုင်းခဲ့ပြီ။
Verse 4
ထာဝရတွက် ကျွန်ုပ်ရွေးချယ်
အခြားကယ်တင်ရှင်မလို
သန့်ရှင်းပျော်ရွှင်ခြင်းမတောင်းလျှောက်
ချိုမြိန်မွှေးကြိုင်ခြင်းတောင့်တ
ခရစ်တော်ပေါ် စိတ်နှလုံးရှိ
လောကဖုံးကွယ်မနိုင်ပြီ
သေခြင်းပင်လယ်နီ ဖြတ်ကျော်ပြီ
လောကကို ကျောခိုင်းခဲ့ပြီ။
chorus
ဝေး၊ ဝေး ကျောခိုင်းခဲ့
ဝေး၊ ဝေး ကျောခိုင်းခဲ့
သေခြင်းပင်လယ်နီ ဖြတ်ကျော်ပြီ
လောကကို ကျောခိုင်းခဲ့ပြီ။
Hymn details
Key: D Major
Audio