သခင်ပိုင်ဆိုင်ပြီ၊ လွန်စွာဝမ်းမြောက်ပါ၏
တောင့်တခြင်းများ - ကရုဏာအတွက်
21
Verse 1
သခင်ပိုင်ဆိုင်ပြီ၊ လွန်စွာဝမ်းမြောက်ပါ၏
မေတ္တာတော်သံကြား၊ ချိုမြိန်တုန့်ပြန်ပြီ
ယုံကြည်ခြင်း" အာမင် "၊ တိုးညှင်းလုံခြုံသံလာ
" သင့်ကိုရွေးနုတ်ပြီ၊ မစိုးရိမ်ပါနှင့်။ "
Verse 2
သခင်ပိုင်ဆိုင်ပြီ၊ ဝမ်းမြောက်ဝန်ခံပါ၏
သတို့သမီးအား ခေါ်သောနေ့ဝမ်းမြောက်
ကိုယ်တော်တစ်ပါးသာ လက်ခံထာဝရချစ်
သခင်၏မေတ္တာ၊ ချစ်လေးမြတ်နာခံ။
Verse 3
သခင်ပိုင်ဆိုင်ပြီ၊ ကျွန်ုပ်အား သွန်သင်ပါ
မေတ္တာဆိုင်ရာနှင့် တော်ဝင်ဆိုင်ရာများ
သန့်ရှင်းအမှုဆောင်၊ လုံးလုံးအပ်နှံပါပြီ
စိုးစဉ်းမချွင်းချန်၊ ကိုယ်တော်ကိုနာခံ။
Verse 4
သခင်ပိုင်ဆိုင်ပြီ၊ ခန္ဓာ၊ စိတ်နှင့်ဝိညာဉ်
ကိုယ်တော်အဖို့သာ တံဆိပ်ခတ်မူပါ
ချစ်သောသခင်ရှင်၊ ကျေးဇူးတော်နှင့်ပြည့်ဝ
ကိုယ်တော့်ကိုပိုင်ဆိုင်၊ ထာဝရစဉ်ဆက်။
Hymn details
Key: D Major
Audio