M240E423KC240MT240

ဘုရားမေတ္တာ နက်နဲဝှက်ထား

တောင့်တခြင်းများ - နားခိုခြင်းအတွက်

21

Verse 1

ဘုရားမေတ္တာ နက်နဲဝှက်ထား

နက်နဲမှုကို လူမသိနိုင်

ကိုယ်တော့်လှပ အလင်းမြင်ရ

နားခိုခြင်းတွက် သက်ပြင်းချမိ

နာကျင်စိတ်သည် နားခိုရာမဲ့

ကိုယ်တော်၌သာ နားခိုခြင်းတွေ့။

Verse 2

လျှို့ဝှက်သံတော် ခေါ်ဖိတ်လျက်နေ

ချိုမြိန်ထမ်းပိုး သက်သေပြရန်

ကျွန်ုပ်အလို ပြည့်စုံဟန်ရှိ

သို့သော်အားနည်း၊ စိတ်သည်လှည့်လည်

တားဆီးရာများ၊ လွန်စွာများပြား

ထံတော်ရည်စူး၊ သို့သော်လမ်းလွဲ။

Verse 3

ကိုယ်တော်ဆောင်လာ ကရုဏာတော်

ကိုယ်တော်၌သာ ငြိမ်သက်ခြင်းရှိ

ကိုယ်တော်ကိုရှာ၊ သို့သော်မတွေ့

ငြိမ်သက်ခြင်းကင်း စိတ်သည်လှည့်လည်

မည်သောအခါ ရပ်စဲဆုံးသတ်

ခြေလှမ်းများသည် ထံတော်ဦးတည်။

Verse 4

နေရောင်အောက်၌ စိတ်တော်တွေ့ရန်

ကြိုးစားမှုများ ရှိပါသလော

ရှိခဲ့လေသော်၊ ဖျက်ချေလိုက်ပါ

လှုပ်ရှားမှုများ၊ ကိုယ်တော်စိုးစံ

မြေကြီးရာမှ လွတ်မြောက်ခြင်းခံ

ကိုယ်တော်၌သာ လဲလျောင်းမှီခို။

Verse 5

အတ္တသေစေ၊ ကျွန်ုပ်မရှင်

ခရစ်တော်သာ ကျွန်ုပ်၌ရှင်

ဆိုးညစ်ရာချစ်၊ ရှက်ဖွယ်ရာဖြစ်

ပြစ်ခင်တွယ်ရာ စွန့်ထားခဲ့ပြီ

ရာအားလုံး၌ ကျွန်ုပ်မရှိ

ကိုယ်တော့်ကိုသာ ကျွန်ုပ်ရှာဖွေ။

Verse 6

အိုသခင်ရှင်၊ အုပ်စိုးမူပါ

နိမ့်ကျစဉ်းစား၊ ကယ်တင်မူပါ

ရှုပ်ထွေးစွာဖြင့် ခိုအောင်းနေသော

စိတ်နှလုံးရှိ အတ္တဖယ်ရှား

တာဝန်ထမ်းဆောင် သားဖြစ်စေပါ

စဉ်မြဲခေါ်ဆို၊ အဗ္ဗအဖ။

Verse 7

မြေကြီးရာမှ ခေါ်ထုတ်မူပါ

ခေါ်တော်မူသံ စောင့်မျှော်ပါ၏

နက်ဆုံးစိတ်ထဲ စကားပြောပါ

" ငါသည်သင်၏ ဘုရား၊ မေတ္တာ၊ "

သံတော်ကြားရ၊ ရွေးချယ်ယူဆောင်

မေတ္တာမြည်းစမ်း၊ တန်ခိုးခံစား။

Hymn details

Key: G Major

Audio