M226E392KC226MT226

ကျောက်ဆောင်၊ စည်းသောင် လွန်ပေါများ

တောင့်တခြင်းများ - ခရစ်တော်၏ဦးဆောင်ခြင်း

21

Verse 1

ကျောက်ဆောင်၊ စည်းသောင် လွန်ပေါများ

ဧရာလှိုင်းကြီး ထလိမ့်လာ

အိမ်မျှောင်အိမ်၊ ပင်လယ်ပုံသည်

ယေရှု ကိုယ်တော်မှဖြစ်၏

ကယ်တင်ရှင် သခင်ဘုရား

သံသရာလှေ ပဲ့ထိန်းပါ။

Verse 2

နို့စို့ငိုသံကို အမိ

တိတ်စေနည်းတူ ကိုယ်တော်သည်

မိုးသက်လှိုင်းတံပိုးသံပြင်း

ငြိမ်းစေတော်မူ၏ သခင်

သံသရာဝဲပိုင် ဘုရား

ခုရေကြောင်း ပြတော်မူပါ။

Verse 3

လမ်းဆုံး ကမ်းနားနီး ကျွန်ုပ်

ကြောက်ဖွယ်ရိုက်ခတ်သောလှိုင်းချုပ်

လှိုင်းလုံးကြီးကို မြင်သောခါ

ရင်တော်မှီလျက် ငြိမ်သက်စွာ

ငါရှိပြီ မစိုးရိမ်နှင့်

မိန့်တော်ကြားပါစေအရှင်။

Hymn details

Key: G Major

Audio