M209E357KC209MT209

ယေရှု၊ သန့်ရှင်းမီးဖြင့် ကြွပါ

တောင့်တခြင်းများ - ခရစ်တော်အတွက်

21

Verse 1

ယေရှု၊ သန့်ရှင်းမီးဖြင့် ကြွပါ

စိတ်နှလုံးလှုံ့ဆော်ရှင်သန်လာ

သွေးတော်ဖြင့် ဆေးကြောပေး

သြတ္တပ္ပစိတ်ကြည်လင်အမြဲ

တန်ခိုးတော်ဖြင့် လုပ်ဆောင်၊ ဖွင့်ပြ

ဘုရားသားခံစားရ။

Verse 2

စိတ်နှလုံးရှုပ်ထွေးခြင်းကင်းသည်

ကိုယ်တော်နှင့်အတူ သေခံပြီ

ဘုရား၌ သက်ရှင်ပြီ

လောကရာအရုပ်များချည်းနှီး

ခမ်းနား၊ ပျော်ပါးခြင်းထံ သေပြီ

ယေရှုသာ ကျွန်ုပ်ဘုန်း။

Verse 3

ဆာငတ်မှုကင်းခြင်းသာ မျှော်ရာ

စိတ်နှလုံးတောင့်တမျှော်လင့်လာ

ကိုယ်တော်၊ ဖြည့်ပေးမူပါ

ကိုယ်တော်ကိုယ်တိုင်ကို ဖြည့်ခံကာ

ကျွန်ုပ်၌ ကိုယ်တော်သက်ရှင်ပါ

ကိုယ်တော်ဖြစ်ခြင်းပြည့်လာ။

Verse 4

ကိုယ်တော်၌ ကျွန်ုပ်အလိုပျောက်

ကိုယ်တော်၌အလင်းမြင်ခြင်းရောက်

ဖုံးကွယ်ကင်းမျက်နှာတော်

အစွမ်းရှိသမျှ သက်သေထူ

စိတ်နှလုံးရှိသမျှ ချစ်မှန်

စွန်းထင်းကင်း၊ ချီးမွမ်းခံ။

Hymn details

Key: D Major

Audio