M196E336KC196MT196

အံ့ဖွယ်ကယ်တင်ရှင်၊ ကျွန်ုပ်ကို ချစ်မူ

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - အံ့သြဖွယ်ကယ်တင်ရှင်

21

Verse 1

အံ့ဖွယ်ကယ်တင်ရှင်၊ ကျွန်ုပ်ကို ချစ်မူ

အဘယ်ကြောင့်ချစ်နည်း၊ ကျွန်ုပ်မပြောနိုင်

ထိုက်တန်မဲ့ပြစ်သား ကျွန်ုပ်ကို ရွေးနုတ်

ကိုယ်တော်တွက် စိတ်နှလုံး၊ အသက်ပေးမည်။

chorus

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

ကျွန်ုပ်လေးမြတ်လှ၊ ယေရှုဘုန်းကြီးစေ

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

အစဉ်ချီးမွမ်းမည်၊ ယေရှုဘုန်းကြီးစေ။

Verse 2

အံ့ဖွယ်ကယ်တင်ရှင်၊ ကျွန်ုပ်ကို ကယ်တင်

အဘယ်သို့ကယ်တင်၊ ကျွန်ုပ်မပြောနိုင်

ကျွန်ုပ်သိသည်မှာ ရွေးနုတ်ရှင်ကိုယ်တော်

ကာရာနီကုန်းပေါ် ဆူးဦးရစ်ဆောင်းခဲ့။

chorus

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

ကျွန်ုပ်လေးမြတ်လှ၊ ယေရှုဘုန်းကြီးစေ

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

အစဉ်ချီးမွမ်းမည်၊ ယေရှုဘုန်းကြီးစေ။

Verse 3

အံ့ဖွယ်ကယ်တင်ရှင်၊ ကျွန်ုပ်ကို ဦးဆောင်

အဘယ်နေရာသို့၊ ကျွန်ုပ်မပြောနိုင်

ဝမ်းနည်း၊ ဝမ်းသာခြင်း၊ မုန်တိုင်းကြမ်း၊ သာယာ၊

ငြိမ်သက်၊ စိတ်ပျက်ရှိစေ၊ နောက်တော်လိုက်မည်။

chorus

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

ကျွန်ုပ်လေးမြတ်လှ၊ ယေရှုဘုန်းကြီးစေ

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

အစဉ်ချီးမွမ်းမည်၊ ယေရှုဘုန်းကြီးစေ။

Verse 4

အံ့ဖွယ်ကယ်တင်ရှင်၊ သရဖူပေးမည်

အဘယ်အချိန်နည်း၊ ကျွန်ုပ်မပြောနိုင်

ဘုန်းထယ်ဝါပလ္လင်၊ ကျွန်ုပ်ဝမ်းမြောက်မည်

လူများအလယ်ဝယ်၊ ဘုန်းသရဖူဆောင်း။

chorus

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

ကျွန်ုပ်လေးမြတ်လှ၊ ယေရှုဘုန်းကြီးစေ

အံ့ဖွယ်ကယ်တင်ရှင်၊ ယေရှုဘုန်းကြီးစေ

အစဉ်ချီးမွမ်းမည်၊ ယေရှုဘုန်းကြီးစေ။

Hymn details

Key: D Major

Audio