M187E319KC187MT187

ကောင်းချီးမင်္ဂလာ သက်စမ်းရေ

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ကျေးဇူးတော်ဖြင့်ကယ်တင်ခံရခြင်း

21

Verse 1

ကောင်းချီးမင်္ဂလာ သက်စမ်းရေ

ကျေးဇူးတော်ကို ကျူးဧစေ

ကရုဏာမြစ်၊ မကုန်နိုင်ပေ

ချီးမွမ်းသီချင်း သီဆိုလေ

ဘုရားမျက်မှောက်တော်မှ ဝေးကွာ

ဧည့်သည်ဖြစ်စဉ် ယေရှုတွေ့

ဒုက္ခထဲမှ ငါ့ကို ကယ်တင်

ဖိုးထိုက်သွေးတော်ဖြင့် ရွေးနုတ်။

Verse 2

ကျေးဇူးတော်သည် ထူးမြတ်လွန်လေ

နေ့စဉ် ငါ့ကို စောင့်ထိန်းနေ

ကျေးဇူးရှင် ထိုကျေးဇူးအားဖြင့်

စိတ်နှလုံးကို ချည်နှောင်စေ

တိုင်းတာမူပါ၊ သွန်သင်မူပါ

ကျေးဇူးတော် သက်သေပြရန်

စဉ်မြဲတည် ဘုရားမေတ္တာတော်

ရေတွက်မရ၊ ချီးမွမ်းမည်။

Verse 3

လမ်းလွဲစိတ်သည် စဉ်နှောင့်ယှက်နေ

ဘုရားကိုပင် စွန့်လိုလေ

စိတ်နှလုံးကို ဝိညာဉ်တော်ဖြင့်

ရယူလျက် တံဆိပ်ခတ်ပါ

ပြစ်ဒုက္ခမှ ကယ်နုတ်မူပြီ

သွေးတော်ဖြင့် ရွေးဝယ်ခဲ့ပြီ

မြေကြီးပေါ် သက်ရှင်လျှောက်လှမ်းစဉ်

ဘုရားမွေခံ သားဖြစ်လေ။

Hymn details

စာသား: Robert Robinson

သံစဉ်: John Wyeth

Meter: 8.7.8.7.D.

Key: D Major

Time: 3/4

Audio