ယေရှုရှင် ငါ၏စိတ်ချစရာ
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ဝိညာဉ်တော်၏မွေးဖွားခြင်း
Verse 1
ယေရှုရှင် ငါ၏စိတ်ချစရာ
ဘုရားဘုန်းတော်မြတ်ကို မြည်းစမ်းခံစား
ကယ်တင်ခြင်းအမွေ ဘုရားဝယ်ပေး
ဝိညာဉ်တော်မွေးဖွား၊ သွေးတော်ဖြင့်ဆေး။
chorus
ငါ့ဝတ္ထုဖြစ်ပေ၊ ငါ့သီချင်းလေ
ချီးမွမ်းလျက်ကျူးဧ တစ်နေ့လုံးနေ
ငါ့ဝတ္ထုဖြစ်ပေ၊ ငါ့သီချင်းလေ
ချီးမွမ်းလျက်ကျူးဧ တစ်နေ့လုံးနေ။
Verse 2
လုံးလုံးအပ်နှံလျှင်၊ လုံးလုံးဝမ်းမြောက်
ချီဆောင်ခြင်းရူပါရုံ ငါ့ရှေ့မှောက်ရောက်
ထက်မှကောင်းကင်တမန်များဆောင်လာ
ကရုဏာပဲ့တင်မေတ္တာစကား။
chorus
ငါ့ဝတ္ထုဖြစ်ပေ၊ ငါ့သီချင်းလေ
ချီးမွမ်းလျက်ကျူးဧ တစ်နေ့လုံးနေ
ငါ့ဝတ္ထုဖြစ်ပေ၊ ငါ့သီချင်းလေ
ချီးမွမ်းလျက်ကျူးဧ တစ်နေ့လုံးနေ။
Verse 3
လုံးလုံးအပ်နှံလျှင်၊ အားလုံးချမ်းသာ
ကိုယ်တော်၌ ကျွန်ုပ်သည် ဝမ်းမြောက်ဝမ်းသာ
စောင့်လျက်နှင့်မျှော်နေ ထက်ရပ်သို့ကြည့်
မေတ္တာတော်ပျော်မွေ့ ကောင်းခြင်းနှင့်ပြည့်။
chorus
ငါ့ဝတ္ထုဖြစ်ပေ၊ ငါ့သီချင်းလေ
ချီးမွမ်းလျက်ကျူးဧ တစ်နေ့လုံးနေ
ငါ့ဝတ္ထုဖြစ်ပေ၊ ငါ့သီချင်းလေ
ချီးမွမ်းလျက်ကျူးဧ တစ်နေ့လုံးနေ။
Hymn details
စာသား: Fanny Jane Crosby
သံစဉ်: Mrs. Joseph F. Knapp
Meter: 9.10.9.9. with chorus.
Key: Db Major
Time: 9/8
Audio