M178E306KC178MT178

ကျွန်ုပ်ကိုယေရှုပိုင်

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - သွေးတော်ဖြင့်ရွေးနုတ်ခံရခြင်း

21

Verse 1

ကျွန်ုပ်ကိုယေရှုပိုင်

ကျွန်ုပ်မပိုင်ပြီ

ကျွန်ုပ်ဖြစ်ခြင်း၊ ရှိသမျှ

ကိုယ်တော်အတွက်သာ။

Verse 2

ကျွန်ုပ်ကို ယေရှုပိုင်

သခင်၊ ရှင်ဘုရင်

ရာခပ်သိမ်းအလုံးစုံထား

အတွင်းမှအုပ်စိုး။

Verse 3

ကျွန်ုပ်ကို ယေရှုပိုင်

ဘေးရန်မှကင်းရှင်း

ကိုယ်တော်၏ တန်ခိုးတော်ဖြင့်

စိတ်ကို အုပ်စိုးမူ။

Verse 4

ကျွန်ုပ်ကို ယေရှုပိုင်

ကောင်းချီးမင်္ဂလာ

ကိုယ်တော့်ဖိုးထိုက်သွေးတော်ဖြင့်

စိတ်ကို ရွေးဝယ်ပြီ။

Verse 5

ကျွန်ုပ်ကို ယေရှုပိုင်

ကိုယ်တော်အသေခံ

ကိုယ်တော်နှင့်ကျွန်ုပ်အတူ

ထာဝရတည်ပြီ။

Verse 6

ကျွန်ုပ်ကို ယေရှုပိုင်

ကျွန်ုပ်ပတ်ဝန်းကျင်

သေခြင်းရေမှောင်မိုက်သော်လည်း

ကိုယ်တော်စောင့်ထိန်းပေး။

Verse 7

ကျွန်ုပ်ကို ယေရှုပိုင်

ထာဝရတည်ပြီ

ဖိုးထိုက်ကယ်တင်ရှင်

တော်ဝင်၌ပါဝင်။

Hymn details

စာသား: M. Fraser

သံစဉ်: M. A. Sea

Meter: 6.5.7.5.

Key: G Major

Time: 4/4

Audio