M164E1115KC164MT164

ဘုရား၏ အိမ်တော်သို့၊ ကျွန်ုပ်တို့လာကြ

ဝိညာဉ်တော်၏ပြည့်ဝခြင်း - အသက်ရေအဖြစ်

21

Verse 1

ဘုရား၏ အိမ်တော်သို့၊ ကျွန်ုပ်တို့လာကြ

ရေထွက်ရာ အိမ်တော်သို့ ကျွန်ုပ်တို့လာကြ

လက်ယာဘက်၊ နေ့နှင့်ည၊ အစဉ်စီးဆင်းနေ

ရေလောင်းခံ၊ အသက်ကြီးထွား အသီးသီးမည်။

Verse 2

အိမ်တော်မှ၊ အိမ်တော်မှ သက်စမ်းရေစီးဆင်း

အိမ်တော်မှ မြေပြင်သို့ အသက်ရေလွှမ်းမိုး

နက်နဲရာ၊ ရှာဖွေရာ၊ စီးဆင်းမှုကြီးမား

ကိုယ်တော်ဖြင့်ပိုင်ဆိုင်တိုင်းတာခြင်းခံရကြ။

Verse 3

တိုင်းတာပါ၊ တိုင်းတာပါ၊ နေ့စဉ်တိုင်းတာပါ

တိုင်းတာပါ၊ တိုင်းတာပါ၊ အစဉ်တိုင်းတာပါ

ရေထုကြီး လွှမ်းမိုးခြင်း ကျွန်ုပ်တို့သိတိုင်

သခင်ခရစ်တော်တွက် မြေပြင်လုံးလှည်းကျင်း။

Verse 4

ဆောင်ယူပါ၊ ဆောင်ယူပါ၊ စီးကြောင်းဖြင့်ဆောင်ယူ

ဆောင်ယူပါ၊ ဆောင်ယူပါ၊ သွားလေရာဆောင်ယူ

တိုးစီးဆင်း၊ ရပ်တန့်ကင်း၊ ကိုယ်တော်၌ ရေကူး

ဘုရား၌ ထာဝရနစ်မြှုပ်သွားသည့်တိုင်။

Verse 5

အားလုံးသည် သက်ရှင်မည်၊ မြစ်ရေစီးဆင်းရာ

သက်ရှင်မည်၊ စစ်မှန်ရှင်၊ စီးဆင်းသွားလေရာ

ဤတောင်မှ သက်စမ်းရေ ကြွယ်ဝစီးဆင်းနေ

ကန္တာရမြေပြင်လုံး၊ သင်းတော်များစီးဆင်း။

Hymn details

Bible: Ezekiel 47:1-12

Meter: 11.11.11.11.

Key: F Major

Time: 4/4

Audio