သွေးတော်ဖြင့် ဆေးကြောမူပါ
ဝိညာဉ်တော်ပြည့်ဝခြင်း - ကားတိုင်အားဖြင့်
Verse 1
သွေးတော်ဖြင့် ဆေးကြောမူပါ
အပြစ်များဖယ်ရှားပါ
သန့်ရှင်းသောဝိညာဉ်တော်ဖြင့်
ဘိသိက်ပေးပါ-ဆုတောင်း။
ကျဆင်းခြင်း၊ အားနည်းခြင်းဖြင့်
အမှုဆောင်ခြင်း ဝန်ချ
ဝိညာဉ်တော်၏ဖြည့်ပေးခြင်း
ကိုယ်တော်ရှင်ရန် ရှာဖွေ။
chorus
ကျွန်ုပ်အတ္တမှ လွတ်မြောက်
စိတ်ဆင်းရဲခြင်းမှ လွတ်
ယခုမှစ ထာဝရ
ကိုယ်တော်နှင့် လုံးလုံးပြည့်။
Verse 2
စိတ်နှလုံးမည်မျှခြောက်သွေ့
ကိုယ်တော့်ကို တမ်းတနေ
ဝိညာဉ်တော်၏ဖြည့်ပေးခြင်း
ယခု ကျွန်ုပ်ဆာငတ်။
ရိုက်ခြင်းခံကျောက်အတွင်း၌
ကျွန်ုပ်လုံးလုံးနှစ်မြပ်
ကိုယ်တော်သက်ရေ သွန်းလောင်းပါ
ကျွန်ုပ်နှစ်သိမ့်သည့်တိုင်။
chorus
ကျွန်ုပ်အတ္တမှ လွတ်မြောက်
စိတ်ဆင်းရဲခြင်းမှ လွတ်
ယခုမှစ ထာဝရ
ကိုယ်တော်နှင့် လုံးလုံးပြည့်။
Verse 3
စိတ်နှလုံးမည်မျှအေးစက်
နာခံခြင်းနှေးကွေးလှ
ဝိညာဉ်တော်ဖြင့် ဖြည့်ပေးပါ
ပုန်ကန်ခြင်းကင်းရှင်းမည်
ယဇ်ပလ္လင်ပေါ်ကျွန်ုပ်တည်
ရွေ့သွားခြင်းကင်းမြဲတည်
ကိုယ်တော်၏မီးကျဆင်းကာ
လောင်ကျွမ်းမူပါ-ဆုတောင်း။
chorus
ကျွန်ုပ်အတ္တမှ လွတ်မြောက်
စိတ်ဆင်းရဲခြင်းမှ လွတ်
ယခုမှစ ထာဝရ
ကိုယ်တော်နှင့် လုံးလုံးပြည့်။
Verse 4
ကျွန်ုပ်၌ ကိုယ်တော့်ကားတိုင်
နက်နဲလုပ်ဆောင်၊ လောင်ကျွမ်း
ကျွန်ုပ်၌ ကိုယ်တော်ပျံ့နှံ့
ကျွန်ုပ်သည် ပြာဖြစ်ရာ။
ကိုယ်တော့်ဝိညာဉ်တော်ဖြည့်ပါ
နေ့စဉ်တိုး၍ဖြည့်ပါ
ကိုယ်တော်၏အသက်ရေသည်
ကျွန်ုပ်အားဖြင့် စီးဆင်း။
chorus
ကျွန်ုပ်အတ္တမှ လွတ်မြောက်
စိတ်ဆင်းရဲခြင်းမှ လွတ်
ယခုမှစ ထာဝရ
ကိုယ်တော်နှင့် လုံးလုံးပြည့်။
Hymn details
စာသား: Witness Lee
သံစဉ်: Anon.
Meter: 7.6.7.6.D. with chrous
Key: C Major
Time: 4/4
Audio