M160E278KC160MT160

အသက်၏ဝိညာဉ်တော်၊ ကျွန်ုပ်အတွင်းတည်

ဝိညာဉ်တော်ပြည့်ဝခြင်း - ပုံပန်းသဏ္ဌာန်နှစ်ခု

21

Verse 1

အသက်၏ဝိညာဉ်တော်၊ ကျွန်ုပ်အတွင်းတည်

ကျွန်ုပ်တို့၏ရေငတ်ခြင်းကို ပြေပျောက်စေ

ကိုယ်တော်ကို သောက်သုံး၊ ကိုယ်တော်နှင့်ပြည့်ဝရ

အတွင်းမှ မြစ်ရေကိုယ်တော်စီးဆင်းသည့်တိုင်။

Verse 2

ဝိညာဉ်တော်၏တန်ခိုးတော် ယနေ့ဆင်းသက်

ကျွန်ုပ်တို့အား ဝတ်လုံအဖြစ် လွှမ်းခြုံပေး

ကိုယ်တော်၌ဗတ္တိဇံခံ၊ ကိုယ်တော်ဝတ်ဆင်

အမှုတော်တွက် တန်ခိုးလက်နက်စုံဝတ်ဆင်။

Verse 3

အသက်၏ဝိညာဉ်တော်၊ အသက်လေဘုန်းထင်

အသက်၏ဝိညာဉ်တော်၊ ကျွန်ုပ်ထဲမှုတ်သွင်း

ဝိညာဉ်တော်တန်ခိုးတော်ကို လေဖြင့်ပုံဆောင်

ထက်မှတန်ခိုးတော်သည် ကျွန်ုပ်ပေါ်တိုက်ခတ်။

Verse 4

တပည့်တော်များထဲ ထမြောက်ကိုယ်တော်မှုတ်သွင်း

အသက်၏ဝိညာဉ်တော်ကို ဝေစုဖြစ်ထားရစ်

ကိုယ်တော်သည် ပင်တေကုတ္တေနေ့၌ သွန်းလောင်း

တပည့်တော်များပေါ် ဝိညာဉ်တော်တန်ခိုးသွန်း။

Verse 5

အသက်၏ဝိညာဉ်တော်၊ ကျွန်ုပ်၌အသက်

ဤအသက်တွက် ဝိညာဉ်တော်တန်ခိုးကိုပေး

တိုက်ခတ်သောလေသည် လန်းဆန်းလေကိုဆောင်လာ

အသက်တွက် ဝိညာဉ်တော်တန်ခိုးကိုပေးထား။

Verse 6

သီးခြားစီရှိဝိညာဉ်တော်နှစ်ပါးမဟုတ်

တစ်ပါးတည်းဝိညာဉ်တော်လုပ်ဆောင်မှုနှစ်ခု

ပြင်၌ဘုရားဝတ်ဆင်၊ တွင်း၌ဘုရားဖြည့်

ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်လုံးလုံးရောနှော။

Verse 7

ဖြစ်ခြင်းအားလုံး၌ အသက်ဝိညာဉ်တော်ဖြည့်

ကိုယ်တော်နည်းတူ အသက်၌ ကြီးထွားလာမည်

အပြင်ပိုင်းတွင် ဝိညာဉ်တော်တန်ခိုးဖြင့်လွှမ်းခြုံ

အချိန်တိုင်းအမှုတော်၌ အလိုတော်ပြည့်။

Hymn details

စာသား: Witness Lee

သံစဉ်: I. E. Rummery

Meter: 11.11.11.11.

Key: G Major

Time: 3/4

Audio