M157E268KC157MT157

ကယ်တင်ရှင်အား မည်မျှချီးမွမ်း

ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း - ဖြည့်ပေးခြင်း

21

Verse 1

ကယ်တင်ရှင်အား မည်မျှချီးမွမ်း

ကျွန်ုပ်တွက် မေတ္တာပြပြီ

ကယ်တင်၍ သန့်ရှင်းစေ ဖြည့်ပေး

အသုံးခံတန်ဆာဖြစ်စေ။

chorus

ချစ်သခင်၏ သုံးခံတန်ဆာ

အံ့ဖွယ်ကျေးဇူးတော်ဖြင့်လေ

ကျွန်ုပ်တို့ဖြင့် စီးဆင်းပါလေ

အချိန်တိုင်း၊ နေရာတိုင်းဝယ်။

Verse 2

သုံးခံတန်ဆာဖြင့် ကောင်းချီးများ

ဆာငတ်သူများထံစီးဆင်း

ပြည့်ဝကယ်တင်ခြင်းကို ကြားပြော

မေတ္တာတော်သံ ကြွေးကြော်စို့လေ။

chorus

ချစ်သခင်၏ သုံးခံတန်ဆာ

အံ့ဖွယ်ကျေးဇူးတော်ဖြင့်လေ

ကျွန်ုပ်တို့ဖြင့် စီးဆင်းပါလေ

အချိန်တိုင်း၊ နေရာတိုင်းဝယ်။

Verse 3

ဗလာဖြစ်ပြီ၊ ဖြည့်ပါကိုယ်တော်

လက်တော်၌ စင်ကြယ်ထည့်ခံ

ခွန်အားမရှိ၊ ကိုယ်တော်ပေးပြီ

အမိန့်တော်ကျေးဇူးနဲ့ပြည့်။

chorus

ချစ်သခင်၏ သုံးခံတန်ဆာ

အံ့ဖွယ်ကျေးဇူးတော်ဖြင့်လေ

ကျွန်ုပ်တို့ဖြင့် စီးဆင်းပါလေ

အချိန်တိုင်း၊ နေရာတိုင်းဝယ်။

Verse 4

ကယ်တင်ခြင်းကျေးဇူးတော်သက်သေ

အတ္တ၊ အပြစ်မှ လွတ်စေ

ကျွန်ုပ်ကို ရွေးဝယ်ပိုင်တော်မူ

ပြည့်ဝခြင်း၌ ကြွမူပါ။

chorus

ချစ်သခင်၏ သုံးခံတန်ဆာ

အံ့ဖွယ်ကျေးဇူးတော်ဖြင့်လေ

ကျွန်ုပ်တို့ဖြင့် စီးဆင်းပါလေ

အချိန်တိုင်း၊ နေရာတိုင်းဝယ်။

Verse 5

ဝိညာဉ်တော်ဖြင့် ဖြည့်ပါ၊ သခင်

ပြည့်ဝအပ်နှံသူနားလည်

ကျွန်ုပ်တို့အတွင်းလူထဲမှ

အသက်စမ်းရေစီးဆင်းလာ။

chorus

ချစ်သခင်၏ သုံးခံတန်ဆာ

အံ့ဖွယ်ကျေးဇူးတော်ဖြင့်လေ

ကျွန်ုပ်တို့ဖြင့် စီးဆင်းပါလေ

အချိန်တိုင်း၊ နေရာတိုင်းဝယ်။

Hymn details

စာသား: Mary E. Maxwell

သံစဉ်: Ada Rose Gibbs

Meter: 8.7.8.7.D.

Key: G Major

Time: 3/4

Audio