M152E261KC152MT152

ကရုဏာအောက် ချီးမွမ်းစောင့်မျှော်

ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း - မိုးရွာသွန်းခြင်း

21

Verse 1

ကရုဏာအောက် ချီးမွမ်းစောင့်မျှော်

ချစ်သားတော်ကိန်းနေရာ

စာတန်လက်မှ ရွေးနုတ်ခံပြီ

ဟာလေလုယာ၊ ကြွေးကြော်

ဝိညာဉ်တော်ဖြစ် ယနေ့ကြွပါ

ချီးမွမ်းသီချင်းဆိုမည်

ဆိုးညစ်မှုများဖယ်ရှား၊ နှုတ်ကို

အသက်မီးဖြင့် တို့လေ။

Verse 2

ဘုရားယူဆောင်လာပေးချီးမွမ်း

ကတိတော်ကောင်းချီးများ

ယုံကြည်ခြင်းမိုးတိမ်မြင်ရပြီ

ပင်တေကုတ္တေမိုးရွာ

သခင့်လမ်းတော်အတွက် ချီးမွမ်း

နားလည်ရခက်သော်လည်း

ကြံစည်တော်အမှုပြီးပြည့်စုံ

လက်ရာတော်မြင်ရပြီ။

Verse 3

စိတ်နှလုံးကို ကျယ်ဝန်းစေပါ

နက်နဲစေပါ၊ သခင်

ကောင်းချီးရေလွှမ်းမိုးခံအခန်း

နှုတ်ကပတ်တော်အတိုင်း

ချီးမွမ်းခြင်းပြုစဉ်၊ ကောင်းကင်နီး

တန်ခိုးဖြင့် ထက်မှကြွ

ပင်တေကုတ္တေမိုးကဲ့သို့ပင်

ဝိညာဉ်ငိုကြွေးအဖြေ။

Hymn details

စာသား: Mary E. Maxwell

သံစဉ်: Ada Rose Gibbs

Meter: 8.6.8.6.D.

Key: Eb Major

Time: 6/4

Audio