ကျေးဇူးရှင် ဆုလာဘ်တော်များ
ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း - မိုးရွာသွန်းခြင်း
Verse 1
ကျေးဇူးရှင် ဆုလာဘ်တော်များ
မိုးရွာစေ သတင်းကြား၏
သွေ့ခြောက်မြေများ စိမ်းလန်းစေရာ
ကျွန်တော်လည်း မိုးပေါက်ထိစေ။
chorus
ကျွန်တော်ပင်၊ ကျွန်တော်ပင်
ကျွန်တော်လည်း မိုးပေါက်ထိစေ။
Verse 2
ဖဘုရား လွန်သွားမမူလင့်
ကျွန်တော်စိတ် ဆိုးညစ်လွန်း၍
ကိုယ်တော်ရှင်လွန်သွားသင့်သော်လည်း
ကျွန်တော်ကို သနားအောက်မေ့။
chorus
ကျွန်တော်ပင်၊ ကျွန်တော်ပင်
ကျွန်တော်လည်း မိုးပေါက်ထိစေ။
Verse 3
ကယ်တင်ရှင် လွန်သွားမမူလင့်
ကျွန်တော်မှီတွယ်ပါရစေ
ကျေးဇူးတော် လွန်တောင့်တစဉ်
ခေါ်တော်မူရာ ပါပါစေ။
chorus
ကျွန်တော်ပင်၊ ကျွန်တော်ပင်
ကျွန်တော်လည်း မိုးပေါက်ထိစေ။
Verse 4
ဝိညာဉ်တော်၊ လွန်သွားမမူလင့်
မျက်စိကန်းကိုဖွင့်နိုင်၏
ယေရှုကုသိုလ် ဖော်ပြခြင်းဖြင့်
ကျွန်တော်၌ လင်းခြင်းကိုသိစေ။
chorus
ကျွန်တော်ပင်၊ ကျွန်တော်ပင်
ကျွန်တော်လည်း မိုးပေါက်ထိစေ။
Verse 5
ကြာမြင့်စွာ အပြစ်၌ မွေ့လျော်
ကိုယ်တော်ကို ဂရုမထား
လောကီပျော်ရာမွေ့လျော်နေသော
ပြစ်ကိုလွတ်၊ ကယ်တော်မူပါ။
chorus
ကျွန်တော်ပင်၊ ကျွန်တော်ပင်
ကျွန်တော်လည်း မိုးပေါက်ထိစေ။
Verse 6
မေတ္တာတော် သန့်စင်မပြောင်းလဲ
ယေရှုသွေးတော် လွန်ထိုက်လှ
ကျေးဇူးတော်တန်ခိုးအတိုင်းမဲ့
ကျွန်တော်၌ ထင်ရှားစေပါ။
chorus
ကျွန်တော်ပင်၊ ကျွန်တော်ပင်
ကျွန်တော်လည်း မိုးပေါက်ထိစေ။
Hymn details
စာသား: Elizabeth Codner
သံစဉ်: William Batchelder Bradbury
Meter: 8.7.8.7. with chorus.
Key: F Major
Time: 6/4
Audio