M15E15KC15MT15

သာလွန်ထူးမြတ်သောဘုရား

ခမည်းတော်ကို ကိုးကွယ်ခြင်း - ထူးကဲသာလွန်ခြင်း

21

Verse 1

သာလွန်ထူးမြတ်သောဘုရား

ကိုယ်တော်သာသန့်ရှင်းဆုံး

အခြားမည်သူမျှမရှိ

ကိုယ်တော်နှင့်နှိုင်းရာမဲ့

သန့်ရှင်းခြင်း၏သန့်ရှင်းဆုံး

စကြဝဠာဝန်ခံ

တန်ခိုးတော်နှင့်ဒြပ်သဘော

သာလွန်ထူးမြတ်လှ၏။

Verse 2

ကွဲပြား၊ တုမဲ့၊ သန့်ရှင်းလှ

မှန်ကန်၍ဖြူစင်ရာ

အပြစ်အနာဆာကင်းမဲ့

စုံလင်သော ရှင်သခင်

ကိုယ်တော်ကို ချဉ်းကပ်မရ

တုနှိုင်းယှဉ်ပြိုင်ရာမဲ့

ကိုယ်တော့်နေရာကိုယူသူ

ကိုယ်တော့်ကို ပြစ်မှား၏။

Verse 3

ကောင်းမြတ်ခြင်းထက်ကောင်းမြတ်ဆုံး

လှပဆုံးထက်လှပ

ကောင်းမွန်ခြင်းမှခြားနားသည်

ကိုယ်တော်နှင့်နှိုင်းမရ

ဖြောင့်မတ်ခြင်းများမှ ခြားနား

ကိုယ်တော်သည် လုံးလုံးဖြစ်

မည်သည့်အလှမျှမမီ

ဂုဏ်သတင်းထူးကဲလှ။

Verse 4

ကိုယ်တော့်သန့်ရှင်းခြင်းထူးမြတ်

ကျွန်ုပ်တို့တွက် ပြင်ဆင်

ထူးကဲသဘောသဘာဝ

ကျွန်ုပ်တို့မျှဝေရ

ထူးမြတ်ခြင်း၌ မျှဝေရ

ကိုယ်တော့်သဘောပိုင်ဆိုင်ရ။

သန့်ရှင်းအသက်နောက်လိုက်ကြ

ပြည့်ဝကြီးရင့်သည်တိုင်။

Verse 5

ကိုယ်တော့်ကို ချီးမွမ်းဝတ်ပြု

ကိုယ်တော်၏သန့်ရှင်းခြင်း

ကိုယ်တော်၏ထူးမြတ်သဘော

ဂုဏ်တော်သည် ကြီးမားလှ

ကိုယ်တော့်သဘောတွက် ချီးမွမ်း-

တုမဲ့၊ ထင်ရှား-ဝေမျှ

ခွဲခြားပေးသောဒြပ်သဘော

ထာဝရပိုင်ဆိုင်ရ။

Hymn details

စာသား: Witness Lee

သံစဉ်: Lowell Mason

Meter: 7.6.7.6.D.

Key: D Major

Time: 4/4

Audio