M146E253KC146MT146

ဝိညာဉ်တော်မှုတ်သွင်းပါ

ဝိညာဉ်တော်ပြည့်ဝခြင်း - အသက်လေ

21

Verse 1

ဝိညာဉ်တော်မှုတ်သွင်းပါ

သစ်သောသက်နှင့် ပြည့်ဝ

ကိုယ်တော်ချစ်ရာကို ချစ်စေပါ

ကိုယ်တော်နည်းတူ ပြုစေ။

Verse 2

ဝိညာဉ်တော်မှုတ်သွင်းပါ

ဖြူစင်သော စိတ်နှလုံး

ကိုယ်တော်စိတ်နှင့် တစ်လုံးတစ်ဝ

ဖြစ်စေရန် ပြုမူပါ။

Verse 3

ဝိညာဉ်တော်မှုတ်သွင်းပါ

လုံးဝပိုင်ရန်ဆက်သ

ဤမြေနှင့်ဆိုင်သော ကိုယ်ခန္ဓာ

ဝိညာဉ်တော် မီးတောက်စေ။

Verse 4

ဝိညာဉ်တော်မှုတ်သွင်းပါ

ပြည့်စုံသောသက်တာမှာ

ထာဝရကာလသက်ရှင်ရာ

ကိုယ်တော်၌ တည်စေပါ။

Hymn details

စာသား: Edwin Hatch

သံစဉ်: Robert Jackson

Meter: 6.6.8.6.

Key: F Major

Time: 3/4

Audio