M144E251KC144MT144

အသက်မြစ်ရေ များစီးဆင်း

ဝိညာဉ်တော်ပြည့်ဝခြင်း - အသက်ရေ

21

Verse 1

အသက်မြစ်ရေ များစီးဆင်း

ပလ္လင်တော်မှ မြစ်ရေစီး

ကောင်းချီးမြစ်ရေများစီးဆင်းနေ

ယေရှုထံတော်မှ စီးဆင်း။

chorus

အသက်မြစ်ရေ များစီးဆင်း

အသက်မြစ်ရေလွတ်လပ်စီး

ကယ်တင်ရှင်ထံမှ စီးဆင်းနေ

ကျွန်ုပ်ဖြင့်လည်း စီးဆင်းပါ။

Verse 2

ရေငတ်သောသူ လာပါလေ

ကြွယ်ဝမစပေးနေပြီ

ဖန်သလင်းသို့ ကြည်လင်မြစ်ရေ

ငွေမပါဘဲ၊ လာဝယ်ပါ။

chorus

အသက်မြစ်ရေ များစီးဆင်း

အသက်မြစ်ရေလွတ်လပ်စီး

ကယ်တင်ရှင်ထံမှ စီးဆင်းနေ

ကျွန်ုပ်ဖြင့်လည်း စီးဆင်းပါ။

Verse 3

ကျွန်ုပ်တို့အား သန့်ရှင်းစေ

အသုံးခံဖြစ်စေမူပါ

ဗလာဖြစ်စေ၊ ဖြည့်ပါ၊ သုံးပါ

ကိုးစား၊ နာခံရန် သင်ပါ။

chorus

အသက်မြစ်ရေ များစီးဆင်း

အသက်မြစ်ရေလွတ်လပ်စီး

ကယ်တင်ရှင်ထံမှ စီးဆင်းနေ

ကျွန်ုပ်ဖြင့်လည်း စီးဆင်းပါ။

Verse 4

ထိုခါယေရှု တစ်ပါးသာ

ကျွန်ုပ်အားဖြင့် မြစ်များစီး

ထိုသို့ဖြင့်လေ ခြားသူများသည်

ကိုယ်တော့်ကြီးမြတ်မှုသင်ယူ။

chorus

အသက်မြစ်ရေ များစီးဆင်း

အသက်မြစ်ရေလွတ်လပ်စီး

ကယ်တင်ရှင်ထံမှ စီးဆင်းနေ

ကျွန်ုပ်ဖြင့်လည်း စီးဆင်းပါ။

Verse 5

ခုယေရှုထံ လက်မြောက်ပြီ

ခြေတော်ရင်းလုံးစုံချထား

အရာခပ်သိမ်း၊ နေရာတိုင်း၌

ကိုယ်တော့်ကိုသာ အစေခံ။

chorus

အသက်မြစ်ရေ များစီးဆင်း

အသက်မြစ်ရေလွတ်လပ်စီး

ကယ်တင်ရှင်ထံမှ စီးဆင်းနေ

ကျွန်ုပ်ဖြင့်လည်း စီးဆင်းပါ။

Hymn details

စာသား: G. R. H. Wood

သံစဉ်: B. Line, D. Wood

Meter: 7.7.8.7. with chorus.

Key: F Major

Time: 6/4

Audio