M141E242KC141MT141

ယနေ့ဘုရားဝိညာဉ်တော်

ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း - ယေရှု၏ဝိညာဉ်တော်

21

Verse 1

ယနေ့ဘုရားဝိညာဉ်တော်

ယေရှု၏ဝိညာဉ်တော်ဖြစ်

သေခံ၊ ထမြောက်၊ တက်ကြွကာ

ဝိညာဉ်တော်ဖြစ် ဘုရား-လူ။

Verse 2

ယေရှုသည် ထိုသို့ကြွလာ

ယေရှု၏ဝိညာဉ်တော်ဖြစ်

ကိုယ်တော်၏စစ်မှန်ခြင်းကို

ကျွန်ုပ်တို့အား တွေ့ကြုံစေ။

Verse 3

ယေရှု၏ဝိညာဉ်တော်၌

လူနှင့်ဘုရား ဒြပ်စင်များ

ကိုယ်တော်၌ လူသားသက်ရှင်

ဘုရားဘုန်းလုံးစုံပါဝင်။

Verse 4

လူသား၏ဆင်းရဲဒုက္ခ

သေခြင်းအကျိုးသက်ရောက်မှု

ထမြောက်စိုးစံခြင်းပါဝင်

ဝိညာဉ်တော်၌ ပါဝင်ပြီ။

Verse 5

ဤရာများအားလုံးပါဝင်

ဝိညာဉ်တော်သည် လှုပ်ရှားနေ

ပြည့်ဝဘိသိက်ပေးခြင်းဖြင့်

ကြွယ်ဝခြင်းများသက်သေပြ။

Verse 6

ဤယေရှု၏ဝိညာဉ်တော်

ကြီးငယ်ရာအားလုံးပါဝင်

လုံးစုံပါဝင်ကာလုပ်ဆောင်

ကျွန်ုပ်၌ ဘုရားလုံးစုံ။

Hymn details

စာသား: Wetness Lee

သံစဉ်: Lancashire School Songs

Meter: Peculiar Meter.

Key: F Major

Time: 4/4

Audio